ရန်ကုန်     ဇွန်   ၁၂

 

ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား ဇွန် ၁၂ ရက် နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ် (ကောင်းတုံကွမ်ယင် တရုတ်ဘုံကျောင်းရှေ့) ၌ လာရောက်‌ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဈေးကားဖြင့် လာရောက်ရောင်းချသော အသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် ခေတ္တ မြို့နယ် စည်ပင်သာယာအုပ်ချုပ်‌ရေးမှူး ဦး‌ဌေးလင်းနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

 

mdn

 

အဆိုပါ ဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဝက်သား တစ်ပိသာလျှင် ငွေကျပ် ၁၂၀၀၀ ဖြင့်လည်းကောင်း၊ အမဲသားတစ်ပိသာလျှင် ငွေကျပ် ၁၃၀၀၀ ဖြင့်လည်းကောင်း ကြက်သား (စီဘီ) တစ်ပိသာလျှင် ငွေကျပ် ၈၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ဆိတ်သားတစ်ပိသာလျှင် ငွေကျပ် ၂၂၀၀၀ ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

နီနီအောင်