နေပြည်တော် နိုဝင်ဘာ ၁၀
လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးခင်မောင်ဦး ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ(မူကြမ်း)များကို အပြီးသတ် စိစစ်လေ့လာ ဆွေးနွေးကြပြီး လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် လက်ရှိအခြေအနေများနှင့် လိုက်လျော ညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့်အချက်များ တွေ့ရသဖြင့် ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီး ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)