နေပြည်တော် ၁၈ ဩဂုတ်
လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော် တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်ဖြင့် ဩဂုတ် ၁၇ ရက်တွင် စစ်ဆေးခဲ့ရာ ယင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မရှိ (မရှိ) ကြောင်း ဖော်ပြပါရှိသည်။
သတင်းစဉ်