နေပြည်တော် ၂၄ ဇူလိုင်
  
လွှတ်တော်ရုံးများ၏ ၂၀၁၉ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော်ဝင်းအတွင်း၌ စုပေါင်းကျင်းပသည်။

 

1

 

ရှေးဦးစွာ ၂၀၁၉ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့က သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။

 

2

 

ထို့နောက် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သပြေပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ ငုစပ်ပင်နှင့် စိန်ပန်းပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်

 

3