နေပြည်တော် စက်တင်ဘာ ၁၆

 

 မွန်ပြည်နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင် (၂၄၀) အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက  ဆန်အိတ် ၂၀၊ ဆီဗူး ၂၄၀၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည့် ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင် များအား  ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင်  ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်အတူ ပြည်နယ်အတွင်းရှိ လုံခြုံရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် မိမိတာဝန်ကို အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင် သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ပြည်နယ်အစိုးရအဖွဲ့နေဖြင့် တာ၀န်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင် များအား ၂၀၂၂ ခုနှစ်အတွင်း ဆန်၊ ဆီ၊ ကုလားပဲ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥနှင့် ငါးများအပါအဝင် လုံခြုံရေးဆောင်ရွက်မှုအတွက် စက်သုံးဆီ(ဒီဇယ်၊ ဓါတ်ဆီ) (၂၉၈၂) ဂါလန် အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၀,၃၁၆,၄၄၄) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)