မင်းဘူး ၁၇ မေ        


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူး သစ်ထုတ်လုပ်ရေးမှ အာမခံ အလုပ်သမား ဦးသန်းထိုက်ဟိန်း၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ပွဲ အခမ်းအနားကို မေလ (၁၆) ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့် မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားရှိသည့် မင်းဘူး သစ်ထုတ်လုပ်ရေးမှ အာမခံအလုပ်သမား ဦးသန်းထိုက်ဟိန်း၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ဆွေမှ မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူး သစ်ထုတ်လုပ်ရေးမှ အာမခံ အလုပ်သမား ဦးသန်းထိုက်ဟိန်း၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် (၅၄၀ဝ၀ဝ၀) (ကျပ်ငါးဆယ့်လေးသိန်းတိတိ) အား ၄င်း၏ ဇနီးဖြစ်သူ ဒေါ်စီစီစိန်ထံသို့ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)