နေပြည်တော်  မတ် ၂၉

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများ” အမှတ်စဉ် (၅၂) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံတကာ၌  ကုမ္ပဏီအဖွဲ့အစည်းများ၊  ကော်ပိုရိတ်အဖွဲ့ အစည်းများ ဖွဲ့စည်းဆောင်ရွက်လာကြရာ ကော်ပိုရိတ်စီမံခန့်ခွဲအုပ်ချုပ်မှု (Corporate Governance) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလာပါကြောင်း၊ ကော်ပိုရိတ်စီမံခန့်ခွဲ အုပ်ချုပ်ရာတွင် လက်တွေ့ဆောင်ရွက်ရ သည့် ဥပဒေနှင့် နည်းဥပဒေများ (Rule and Regulations)၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သီအိုရီပိုင်း အရ နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အဖွဲ့အစည်း (Multinational Corporation) များရှိလာသည့်အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမူဝါဒများ၏ အရေးပါမှုသည်လည်း နိုင်ငံတိုင်းတွင် ရှိလာပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကုမ္ပဏီကိစ္စရပ်များသာမက နိုင်ငံခြားစီးပွားဆက်ဆံရေး ပိုင်းဖြစ်သည့် အစိုးရအချင်းချင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကိုပါ ဆောင်ရွက်လျက်ရှိသည့်အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများကို သိရှိ နားလည်ရန် လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆောင်ရွက်ရာတွင် အဆုံးအဖြတ်ပေး မည့်ပုဂ္ဂိုလ်၊ အစုရှယ်ယာဝင်များ၊ အလုပ်သမားများ၏ အခန်းကဏ္ဍ၊ စားသုံးသူများ၏ အခန်းကဏ္ဍနှင့် လူ့အဖွဲ့ အစည်းများ၏ ပါဝင်ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နေ မှုများကို တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး ပေးကြစေလို ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမျိုးမင်းက ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၏ မူဝါဒနှင့် OECD၊ အဓိပ္ပါယ်များ၊ မူဝါဒ၏ အခြေခံသဘောတရား၊ ကုမ္ပဏီများ၏  ဥပဒေဆိုင်ရာ ဂုဏ်သတ္တိများ၊  ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်သဘောတရား၊ ကုမ္ပဏီ ဆိုင်ရာ အစည်းအဝေးများ၊  အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်များ၊ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်များ၊  ဒါရိုက် တာများ၏ ဥပဒေဆိုင်ရာတာဝန်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် မှတ်ပုံတင်စာရင်း စသည့် ခေါင်းစဉ်များကို ရှင်းလင်းဆွေနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်း မေးမြန်း ဆွေးနွေးခဲ့ကြသည်။

   

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့်တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)