ဝက်လက် ၁၂ ဇွန်


             
ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်းနင်ရေး ရဲတပ်ဖွဲ့စိတ်(ရွှေဘို) ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။


            
အခမ်းနားတွင် ဝက်လက်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာဝင်း က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဝက်လက်မြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး ကျော်ကျော်မိုး က ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရာတွင် အကောင်းအဆိုး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန် စာအုပ်စာပေများ လေ့လာစေလိုကြောင်းနှင့် ခေတ်သစ် လူကုန်ကူးမှူ စနစ်များ အကြောင်း  ပြောကြားပြီးနောက် အမှတ်( ၂ )   လူကုန်ကူးမှူ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ရွှေဘို) ရဲအုပ် မင်းခိုင်  က လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ ဆက်သွယ် သတင်းပေးနိုင်သည့် Hotline ဖုန်းနံပတ်များ၊ လူကုန်ကူးမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များ၊ ဆက်သွယ်နိုင်သော အဖွဲ့အစည်း၊ ပြစ်မှုကျူးလွန်ပါက ဥပဒေပုဒ်မနှင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးပြီးနောက် စာရေးဆရာ အသင်းဥက္ကဌက ဉာဏ်ပညာအသိဖြင့် နေထိုင်စေရေး ပြောကြားရာ တက်ရောက်လာသူ ကျောင်းသား၊ ကျောင်သူးများက သိရှိလိုသည်များကို မေးမြန်းရာ ဝာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးသည်။


        
အဆိုပါ ဟောပြောတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မူယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပြီး တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူ   ၆၇  ဦးကို မုန့်များ ဝေခဲ့ကြောင်း သိရသည်။


                                                                                                                               စိုးစိုးလှိုင်(ဝက်လက်)