နေပြည်တော် ဩဂုတ် ၂၅
“လူကုန်ကူးမှုများနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေ များ ဆိုင်ရာအသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူကုန်ကူးမှုသည် လူ့အသိုက်အဝန်းအတွင်း လက်မခံနိုင်သည့် ကြီးလေးသောလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် ကြောင်း၊ လူကုန်ကူးခံရ သူများကို တိုက်ရိုက်အကူအညီပေးနေသည့် လူမှု ဝန်ထမ်းသမားများ အနေဖြင့် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ကွန်ဗင်းရှင်းများနှင့် စာချုပ်များတွင် ဖော်ပြပါရှိသည့် လူကုန်ကူးခံရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် အခြေခံမူများ၊ စာချုပ်ပါ ပြဋ္ဌာန်း ချက်များကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ သိရှိနား လည်မှသာ အခွင့်အရေး အခြေပြု၊ လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများဖြင့် လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများကို သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ စေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။
သင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပြန် လည် ထူထောင်ရေးဦးစီးဌာနတို့မှ သကထ်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းသို့ ပြန်လည်ထူထောင်ရေး ဦးစီး ဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ(၅၅)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် ၂၅ ရက် မှ ၂၇ ရက် အထိ (၃)ရက်တာပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)