နေပြည်တော် ၉ ဇူလိုင် 

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသော ကြိုတင်ကာကွယ်ရေးကဏ္ဍ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လူကုန်ကူးမှု အမှုအခင်းဖြစ်စဉ်များတွင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော ၂၀၁၉ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ 

သတင်းစဉ်