နေပြည်တော် ၂၃ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရာထမ်း/အမှုထမ်းများ၏ သစ်ပင် စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုသည်။
ယခုနှစ် မိုးရာသီတွင် ကျွန်းပင် ၁၈၀ နှင့် ပျဉ်းကတိုးပင် ၁၀၀ စုစုပေါင်း အပင် (၂၈၀) စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးထားသည့်အပင်များ ယခင်နှစ်များထက် ပိုမိုရှင်သန်ရေးကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


