ရန်ကုန် မတ် ၆
MPT မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းစေရန် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြစ်သည့် သတင်းအချက်အလက်နည်းပညာ၊ ဘာသာစကားနှင့် စီးပွားရေး ဆိုင်ရာသင်တန်းများကို မိုဘိုင်းဒေတာကိုအသုံးပြု၍ အခမဲ့လေ့လာနိုင်ရန် ဝန်ဆောင်မှုပေးထားကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်း၌ ကျင်းပသည့် CSR E-Learning အစီအစဉ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ မိတ်ဆက်ခြင်းအခမ်းအနားမှ သိရသည်။
မိုဘိုင်းဒေတာကိုအသုံးပြု၍ သတင်းအချက်အလက်နည်းပညာ၊ အသက်မွေးဝမ်းကျောင်း ပညာရေးသင်တန်း၊ ဂျပန်ဘာသာစကား၊ မိုဘိုင်းဆော့ဖ်ဝဲ ပြုပြင်ရေးနည်းသင်တန်း၊ ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်ခြင်းနှင့် ကိုယ်ရေးကိုယ်သွေး မြှင့်တင်ခြင်းဆိုင်ရာသင်တန်း၊ တရုတ်ဘာသာစ ကားသင်တန်းနှင့် ခေါင်းဆောင်မှုစီမံခန့်ခွဲမှုနှင့် စီးပွားရေးသင်တန်း စသည့်အမျိုးအစားများ ပါဝင်သည့် သင်ခန်းစာပေါင်း ၁၀၀ ကျော်ကို အခမဲ့လေ့လာနိုင်ရန် ဝန်ဆောင်မှုပေးထားသည်။
အွန်လိုင်းပလက်ဖောင်းတွင် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များ အခမဲ့ဝန်ဆောင်မှုနှင့်ပတ်သက်၍ MPT-KSGM Join Operation မှ Mr.Naoki SHIMANE က “ MPT ရဲ့ CSR E-Learning အစီအစဉ်ကတစ်ဆင့် လူငယ်တွေအတွက် အခမဲ့သင်ခန်းစာတွေ လေ့ လာသင်ယူနိုင်အောင် ပူးပေါင်းပါဝင်ပေးကြတဲ့ မိတ်ဖက်အဖွဲ့အစည်းအားလုံးကို ကျေးဇူး တင်ပါတယ်။ ဒီအစီအစဉ်မှာ လက်ရှိလေ့လာနေတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံတစ်ဝန်း မှာရှိတဲ့ လေ့လာလိုသူ လူငယ်များအနေနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လူငယ်များ ခေါင်းဆောင်မှုစီမံခန့်ခွဲမှုနှင့် စီးပွားရေးသင်တန်း၊ တရုတ်ဘာသာစကားသင်တန်းနှင့် ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းဆိုင်ရာ သင်ခန်းစာများကို မိမိနှစ်သက်ရာ အမျိုးအစားအလိုက် MPT ၏ မိုဘိုင်းဒေတာဖြစ်သည့် https://csrelearning.mpt.com.mm ကိုအခမဲ့အသုံးပြု၍ လေ့လာသင်ယူနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်သန်းဦး