နေပြည်တော် ဒီဇင်ဘာ ၁၉
“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့် အ ညီ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲ တော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အ ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။
အဆိုပါပွဲတော်ကြီး၌ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် လူ ငယ်များနှင့် ကလေးများ လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း များကို သိမြင်နိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်နှင့် စာပေနှင့် အနုပညာရပ်များ၏ အကြိုးကျေးဇူး သိရှိစေပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လာစေရန်အတွက် ဝန်ကြီးဌာန ၁၅ ခုမှ သက် ဆိုင်ကဏ္ဍအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာပေဗိမာန်စာအုပ် အရောင်း ဆိုင်နှင့် ပြင်ပစာအုပ်အရောင်းဆိုင်များ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲမှ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများ၊ ၂၀ ရာစု မြန်မာ စာရေးဆရာ၊ ဆရာမကြီးတို့၏ ဓာတ်ပုံများကို ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောအေးက “မြန်မာ့လွတ်လပ်ရေးသမိုင်း ဝင်ပြခန်းမှာ လွတ်လပ်ရေး ရပြီးတဲ့အချိန်က စတင်ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံယာယီအစိုးရအဖွဲ့ဝင် သမ္မတ၊ ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ် တွေကို ခန့်အပ်တဲ့ အထောက်အထားတွေကို ပြသထားပါတယ်။ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကိုလည်း ပြသထားပါတယ်။ သမ္မတကြီး စဝ်ရွှေသိုက်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ အပြင် လွတ်လပ်ရေးအသိအမှတ်ပြုစာတမ်းအတွက် မြန်မာကိုယ်စားလှယ်နဲ့ ဗြိတိသျှကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်ရေးအသိအမှတ်ပြု စာတမ်း၊ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး သမိုင်းဝင်မှတ်တမ်းဖြစ်တဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ သမိုင်းဝင် စာချုပ်စာတမ်းမှာဆိုရင် ဂျပန်ခေတ် မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းကို ပြသထားပါတယ်။ သံတမန်ဆက်သွယ်တဲ့ နိုင်ငံတွေဖြစ်တဲ့ မဟာမိတ်စာချုပ်တွေကိုလည်း ထည့်သွင်းပြသထားပါတယ်။ ဂျပန်-မြန်မာ စစ်ပြေငြိမ်း စာချုပ်နဲ့ စီးပွားရေးပူးပေါင်းမှုစာချုပ်တွေကို သမိုင်းဝင်စာချုပ်စာတမ်းများအဖြစ် ပြသထားပါတယ်။ ကျွန်မတို့ ပြခန်း တွေမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိရှိပြီး လွတ်လပ်ရေးအချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဓိကဖြစ်တဲ့ မျိုးဆက်သစ် လူငယ်တွေကို ကိုယ့်နိုင်ငံမှာချုပ်ဆိုခဲ့တဲ့ သမိုင်းစာချုပ်စာတမ်းတွေအကြောင်းကို သိရှိစေဖို့ လာရောက် လေ့လာကြပါလို့ ဖိတ်ခေါ်ပါတယ် ” ဟု ပြောသည်။
ထို့ပြင် ပွဲတော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာကစားနိုင်ရန် ဝန်ကြီးဌာနများမှ စိတ်ဝင်စားဖွယ်ကစားနည်းများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားနည်းများနှင့် ဉာဏ်စမ်း မဟေဠိကစားနည်းများကို အသိပညာပေးနည်းလမ်းများနှင့် တွဲဖက်၍ ကစားစေမည့် အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည့်အပြင် ပွဲတော်သို့ လာရောက် လည်ပတ်ကြသည့် ကျောင်းသားလူငယ်များနှင့် မိဘပြည်သူများ အဆင်ပြေစွာ အလွယ်တကူ စားသုံးနိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဉီးဝင်းလှိုင်ဉီးက “ ကျွန်တော်တို့ ပြခန်းမှာ နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀နှစ်အထက်ရှိ နိုင်ငံသားတွေကို ကိုယ်ရေးအချက် အလက်တွေကောက်ယူစိစစ်ပြီး ဂဏန်း ၁၀ လုံးပါတဲ့ UID နံပါတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လူငယ်နဲ့ စာပေအနုပညာ ပွဲတော်ကို လာရောက် လေ့လာတဲ့ အသက် ၁၀ အထက်အားလုံးကို UID နံပါတ် တစ်ခါတည်း ထုတ်ပေး သွားမှာဖြစ်လို့ နိုင်ငံသားစိစစ်ရေးကတ်ယူခဲ့ဖို့ အကြံပြုလိုပါတယ်။ အသက် ၁၀ နှစ်အထက်ဆိုရင် အခြေခံပညာကျောင်းတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီး ဖြစ်ပါတယ်။ e-ID ရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ကိုယ်ရေး အချက်အလက်ဖြစ်တဲ့ လက်ဗွေ၊ မျက်လုံး၊ မျက်နှာတွေကို မှတ်တမ်းယူမှာ ဖြစ်ပါတယ်။ နောက်တစ်ချိန်မှာ စမတ်ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်လို့ စမတ်ကတ်ရဲ့ အခြေခံ ဖြစ်တဲ့ UID နံပါတ်ရရှိဖို့အတွက် ပြခန်းကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလိုစာပေအနုပညာပွဲကို ကျင်းပပေးခြင်း အားဖြင့် စည်းလုံးမှုနဲ့ လေ့လာစရာဗဟုသုတတွေရရှိစေတဲ့အတွက် နိုင်ငံတော်အတွက်ရော လူငယ်တွေ အတွက်ရောအကျိုးရှိစေတဲ့ ပွဲကြီးတစ်ပွဲလို့ မြင်ပါတယ်” ဟု ပြောသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာဗဟုသုတရဖွယ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြခန်း၌ ဉာဏ်စမ်းမဟေဠိမေးခွန်းများ ထည့်သွင်းကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဦးရဲမင်းသန်းက “ ပြခန်းမှာ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းမဟေဠိအစီအစဉ်ကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ ဉာဏ်စမ်း မဟေဠိ အစီအစဉ်ထည့်သွင်း ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားလူငယ်တွေအနေနဲ့ သူတို့လေ့လာမှတ်သား ဖတ်ရှုထားတဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ၊ ပညာရပ်ဆိုင်ရာနဲ့ လွတ်လပ်ရေးဆိုင်ရာ အထောက်အထားတွေကို စိတ်ကူးစိတ်သန်းတွေနဲ့ ပေါင်းစပ်ပြီး မေးခွန်းတွေကို ဖြေဆိုနိုင်အောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ မေးခွန်တွေထဲမှာဆိရင် ၇၆ နှစ်မြောက် လွတ်လပ်ရေး နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အထောက်အထားအကြောင်းအရာတွေနဲ့ ကျောင်းသားလူငယ်တွေ သိသင့် သိထိုက်တဲ့ နိုင်ငံတော်ရဲ့သမိုင်းဆိုင်ရာ အထောက် အထားတွေကို မေးမြန်းထားပါတယ်။ အဖြေမှန်တဲ့ ကျောင်းသားလူငယ်တွေကို အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ပြန်လည်ပြီး ဂုဏ်ပြုဆုတွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြခန်းကို ကျောင်းသားလူငယ် တွေအပြင် မိဘပြည်သူတွေ လာရောက်လေ့လာကြည့်ရှုကာ မေးခွန်းတွေ ဖြေဆိုရင်း ဆုတွေရယူပြီး အသိပညာဗဟုသုတတေွ တိုးပွားလာမှာဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက် မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ် လာစေရန်နှင့် လူငယ်များ စာပေနှင့်ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာ မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက် အောက်ခံဘဝတွင် တွေ့ကြုံ ခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုး ထားတတ် စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင််ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပ မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ် များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရနှင့် ပြခန်းများ ခင်းကျင်းပြသမှုများ မှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်သည်။
ထိုသို့ ကောင်းမွန်သည့် ရည်ရွယ်ချက် များပြည့်ဝစွာဖြင့် နိုင်ငံတော်အစိုးရမှ စေတနာအပြည့်ဖြင့် စီစဉ်ဆောင်ရွက်ထားသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ အနုပညာပွဲတော်သို့ နောင်အနာဂတ်တွင် နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် ကျောင်းသား လူငယ်များအနေဖြင့် တက်ကြွသည့်ခြေလှမ်းများဖြင့် လှမ်းလာကြပါရန် ဖိတ်ခေါ် လိုက်ရပါသည်။
သတင်း- ဟိန်းမင်းစိုး/အေးအေးသန့် ဓာတ်ပုံ ရွှေကိုလေး