ကျုံပျော်  ၂၇  ဩဂုတ် 


လူငယ်များ စာပေဖတ်ရှုမှု အလေ့အထကောင်းများ ရရှိစေရန်၊ အသိဉာဏ်ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်၊ Book Club အဖွဲ့ဝင် ဆရာကြီး ဦးတင်ဝင်း၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဦးခင်မောင်အေး၊ Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းကျော့တို့က ဦးဆောင်ကာ စာပေ၏အကျိုးကျေးဇူးများ၊ လေ့လာသင့်သည့်စာပေများ၊ စာပေမှရရှိသော အတွေ့အကြုံဗဟုသုတ၊ သုတ ရသစာပေ၏ ခံစားသက်ဝင်မှုနှင့် ကျောင်းသားအရွယ် စာပေဖတ်ရှုလေ့လာနိုင်မှု အကြောင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပြည်သူ့စကားဝိုင်းများကို ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ အဆိုပါစကားဝိုင်း တက်ရောက်လာသူများအနေဖြင့် မိမိသိလိုသည့် အချက်အလက်များကိုလည်း ပါဝင်မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရသည်။


နေဝန်းရှိန်(ကျုံပျော်)