နေပြည်တော် အောက်တိုဘာ၂၇
လူငယ်များအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး ဘဝဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းသား/သင်တန်းသူများအနေဖြင့် “တတ်သည့်ပ ညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုသည့်စကားအတိုင်း မိမိတို့သင်ကြား ခဲ့သည့် ပညာရပ်များကို လက်တွေ့ကျကျ အသုံးပြုနေရန်နှင့် ပိုမိုကောင်းမွန်သည့် မိသားစု တစ်ပိုင်တစ်နိုင် ထုတ်ကုန်များဖြစ်အောင် ဆက်လက်ကြိုးစားကြမှသာ ဈေးကွက်ဝင်ပြီး သုံးစွဲသူများ အတွက် အရည်အသွေးပြည့်မှီသည့် အကျိုးရှိမည့်ကုန်ပစ္စည်းများဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်း ကျင်မှစ၍ မိမိတို့၏ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုကာ ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်း တိုက်တွန်း ပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်း လက်မှတ် များပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သင်တန်းနည်းပြများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ သင်တန်းသား/ သင်တန်းသူများကိုယ်စားသင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
(သတင်းစဉ်)