ဗဟန်း ၁၅ အောက်တိုဘာ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) လူထုအခြေပြု ဖျားနာကုဆေးခန်း  (Fever Clinic) အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် နာရီတွင်  အဆိုပါ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ကျင်းပသည်။

 

jjskjf

 

အဆိုပါဆေးခန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စံနှုန်းများအညီ ဖွင့်လှစ်ထားရှိပြီး မည်သည့်နေရာဒေသမှ မည်သူမဆို အခမဲ့ လာရောက်ပြသနိုင်ကြောင်း သိရှိရသည်။

လူထုအခြေပြု ဖျားနာကုဆေးခန်း (Fever Clinic) အခမဲ့ဆေးခန်းကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

 

kdjv

 

အဆိုပါဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ပြန်/ဆက်)