ဗဟန်း ၁၅ အောက်တိုဘာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre)၌ လူထုအခြေပြု ဖျားနာကုဆေးခန်း (Fever Clinic) အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။

အဆိုပါဆေးခန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စံနှုန်းများအညီ ဖွင့်လှစ်ထားရှိပြီး မည်သည့်နေရာဒေသမှ မည်သူမဆို အခမဲ့ လာရောက်ပြသနိုင်ကြောင်း သိရှိရသည်။
လူထုအခြေပြု ဖျားနာကုဆေးခန်း (Fever Clinic) အခမဲ့ဆေးခန်းကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အဆိုပါဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ပြန်/ဆက်)


