ရန်ကုန် ၁၄ ဇူလိုင်
လူဦးရေစာရင်းအချက်အလက်ပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲစာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အ.ထ.က(၁) စန္ဒိမာခန်းမဆောင်၌ ဇူလိုင် ၁၃ ရက် နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ရာ မရမ်းကုန်းမြို့နယ် ရပ်ကွက်(၁၀)ခုတွင် ဆန္ဒပြုရမည့် မဲရုံ(၁)ရုံလျှင် မဲရုံလုပ်အားပေး စာရေးဝန်ထမ်း(၂)ဦးနှုန်းဖြင့် မဲရုံ(၁၂၆)ရုံမှ ဦးရေ(၂၅၂) ဦး၊ တစ်ရပ်ကွက်လျှင် စာရင်းကောက်ယူမည့် လုပ်အားပေး(၃)ဦးနှုန်းဖြင့် (၃၀)ဦး စုစုပေါင်း သင်တန်းသား(၂၈၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် မြို့နယ်များအလိုက် ရပ်ကွက်/ကျေးရွာ လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက အိမ်တွင်ရှိခြင်း/မရှိခြင်း၊ လူနေထိုင်မှုရှိခြင်း/မရှိခြင်း၊ အိမ်ထောင်စုသန်းခေါင်စာရင်း ရှိခြင်း/မရှိခြင်းများအပေါ် အချက်အလက်များ ပြည့်စုံစေရန် ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း သင်ခန်းစာများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


