မိုးညှင်း  ၂၂   ဇူလိုင် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့တွင် ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီခွဲအချိန်က ၂၂ ဘီးနှင့်အထက်ကုန် တင်မော်တော်ယာဉ်ကြီးများ ရာသီမရွေး အချိန် မီသွားလာမှု အဆင်ပြေစေရန်အတွက်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


"မိုးတွင်းချိန်မှာ မိုးရွာတာမဆန်းပေမယ့်  ကုန်တင်ယာဉ် ဆီဘောက်ဆာ ယာဉ်ကြီးတွေအတွက် နေ့တိုင်းလိုလို သွားလာရတာအခက်အခဲဖြစ်ရတယ်။ သူတို့ကိုကူညီနေရတာနဲ့ ဒီလမ်းပိုင်းကိုပြုပြင် နေရတာ အလုပ်မတွင်ကျယ်တော့ဘူး။ ဒါကြောင့်ယာဉ်ကြီးတွေအတွက် အခုလိုပြုပြင်နေရတာပါ" ဟု မိုးညှင်းမြို့နယ် လမ်းဦးစီးမှူးဦးမောင်မောင်လွင်က ပြောကြားသည်။

 

image


အဆိုပါလမ်းပြုပြင်ရာသို့ မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူတို့က မော်ဟန် ကျေးရွာဘက်မှ လွယ်ခမ်းတောင်အတက် ကွေ့မိုင်တိုင်အမှတ် ၂၉၀ ဒသမ ၈ ကီလိုမီတာ နှင့် ၂၉၁ ဒသမ ၈ ကီလိုမီတာ အကြားလမ်း၏ အတက်ယာဘက်အခြမ်းတောင်ပတ်လမ်းပိုင်းတွင် ၁၆ ပေ(လမ်းတစ်ဝက်)အကျယ် ၇၀ဝ ပေအထိကို ကျောက်ကြီးများ ခင်းကျင်းခဲ့ရာ ယနေ့တွင် လုပ်သားဦးရေ ၂၅ ဦးဖြင့် မြို့နယ်လမ်းဦးစီးမှူး ဦးမောင်မောင်လွင်က အနီးကပ်ကြီးကြပ်မှုဖြင့် အရှည်ပေ ၁၅၀ ကို ခင်းကျင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဆက်လက်၍ လွယ်ခမ်းတောင်အန္တရာယ် အက်စ်ကွေ့အရှည်ပေ ၇၀ဝ အထိကို ကျောက်ကြီးများဖြင့် အလျင်အမြန်ခင်းကျင်းကာ အခြေခံကျောက်လွှာစီခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းအရှည် ၁၅၀၉ ပေ ကို ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောကြားသည်။


အဆိုပါလမ်းပိုင်းတွင် တောင်ပေါ်သို့ မတက်နိုင်သော ၂၂ ဘီးယာဉ် ဘောက်ဆာယာဉ် နှင့် ကုန်တင်ယာဉ်ကြီးများကို ညနေ ၅ နာရီခွဲအချိန်အထိ LOADER ယာဉ်ဖြင့် တောင်ခြေအကွေ့မှ  တောင်ပေါ်သို့ ဆွဲတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။


နီတိုး

 

2.3