နေပြည်တော်၊ ၁ ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် နေပြည်တော် တိုင်းဦးစီးဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်ညိုညိုအေးနှင့် အဖွဲ့လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ညောင်ကြပ်သုတေသနအင်းသို့ ငါးလုပ်ငန်းများ ဆောင်ရွက်နေမှုအား နိုဝင်ဘာ ၃၀ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။  

၂၀၁၄-၂၀၁၅ ခုနစ်မှ စတင်၍ မြန်မာနိုင်ငံတွင် သုတေသနအင်း ၁၁ အင်း အကောင်အထည်ဖေါ်ခဲ့ရာ ညောင်ကြပ်သုတေသနအင်းသည် နေပြည်တော်ကောင်စီနယ်မြေတွင်ရှိသော အင်းတစ်အင်း ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်သည် အင်းရေပြင်အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး သုတေသနအင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ညောင်ကြပ်သုတေသနအင်းရှိ တစ်ပိုင်တစ်နိုင် ငါးသားဖေါက်ရုံ (Backyard Hatchery) သို့ သွားရောက်ပြီး ငါးသားပေါက် ထုတ်လုပ်နိုင်ရေးအတွက် ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

MDN