နေပြည်တော် နိုဝင်ဘာ ၂၂

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်၌ ဒုတိယနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ သီရိမင်္ဂလာခန်းမ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက MEVM စက်တည်ဆောက်ပုံ၊ စက်အသုံးပြုပုံ၊ မဲပေးပုံနည်းစနစ်များကို ရှင်းလင်းဆွေးနွေးကြပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ရာ မဲဆန္ဒရှင်ပြည်သူများက  မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit)ကို ကိုယ်တိုင်ကိုင်တွယ် မဲပေးကြကာ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်/မမှန် စိစစ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ကြသည်။

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် မှန်မှန်ကန်ကန် မဲပေးဆောင်ရွက်နိုင်သည့်အပြင် ပယ်မဲများမရှိနိုင်တော့သည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် စမ်းသပ်မဲပေးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ဥယျာဉ်စုကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာအုပ်စု၊ ရှမ်းစု‌ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာအုပ်စု၊ ဝင်တဲကူးကျေးရွာအုပ်စု၊ ကန်သာကျေးရွာအုပ်စု၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကျောက်တစ်လုံး ကျောင်းစုကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာအုပ်စု၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ပေတုန်းမျောင်ကျေးရွာအုပ်စု၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ ညိုပင်ကျေးရွာအုပ်စုနှင့် ရွှေပြည်သာကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

သတင်းစဉ်