လယ်ဝေး   ဇန်နဝါရီ   ၁၁

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်ရှိ ပြည်သူများအား ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ရာ အသက် ၁၈ နှစ်အထက် ပြည်သူ ၁၇၁၆၀၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ၊ အသက်ကြီးသူများ၊ ဦးတည်အုပ်စုအလိုက် ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား လယ်ဝေးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးရွာ ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေဇော်ချစ်(ပြန်/ဆက်)