လယ်ဝေး ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့ညနေ(၃)နာရီက တိုင်းရင်းဆေးနှင့်ကျန်းမာရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် လယ်ဝေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမွန်အေးတို့က တိုင်းရင်းဆေး သုံးစွဲရာတွင် ဆေးပင်နှင့် ဆေးပစ္စည်းမှန်ကန်မှု၊ သုံးစွဲသည့်ဆေးပမာဏ၊ အသုံးပြုနည်း၊ ဈေးကွက်ထဲမှ တိုင်းရင်းဆေးများအား စစ်ဆေးဝယ်ယူနည်း၊ သောက်သုံးရမည့်ကာလနှင့် ဆေး၏ဘေးထွက်ဆိုးကျိုးများ စသည့် အကြောင်းအရာများကို အသိပညာပေး မေးမြန်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု စသည့် အစီအစဉ်များကိုရိုက်ကူး၍ Online မှ တင်ဆက်ပေးလျက်ရှိရာ တိုင်းရင်းဆေးနှင့်ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)