လယ်ဝေး စက်တင်ဘာ ၁၀
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စုများအား နေပြည်တော်ကောင်စီမှ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စျေးနှုန်းသက်သာစွာဖြင့် ဆန်များ ရောင်းချပေးခဲ့သည်။
လယ်ဝေးမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်ကို ၁၀၀၀ ကျပ်ဖြင့် ပြည် ၂၁၀ ရောင်းချပေးခဲ့ရာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရပ်ကွက် များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)