နေပြည်တော် ၂၈ သြဂုတ်
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်းရေးဆွဲရေး (တတိယ အကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၂)ဖြစ်သည့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းများကို(တတိယအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက နည်း ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နည်းဥပဒေမူကြမ်းအပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


