လပွတ္တာ ၂၁ မေ
လပွတ္တာမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှု့အဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်သူလယ်သမားသမဂ္ဂနှင့် သာသည့်မြေဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေးဆွေးနွေးပွဲကို သာသနာ့ဗိမာန်တော်ကြီး၌ မေ ၁၈ မှ ၂၀ ရက်နေ့အထိ ကျင်းပလျှက်ရှိသည်။
လယ်ယာမြေဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေးဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်၊ မြို့နယ် မြေစာရင်းဦးစီးအရာရှိ ဦးသန်းအောင်၊ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးတင်ထွန်း အမှာစကား အသီးသီးပြောကြားကြသည်။
ရပ်/ကျေးလယ်စီအဖွဲ့ဥက္ကဋ္ဌများအား လယ်ယာမြေဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ဆောင် ရွက်လာနိုင်ပြီး ဒေသခံလယ်သမားများ အနေဖြင့် ဥပဒေမှပေးထားသော အခွင့်အရေးများ ရရှိလာကာ လယ်ယာမြေပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဆရာ ဦးဇော်ထက်(ပုံရိပ်စစ်အဖွဲ့) ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ (၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (ပြန်/ဆက်)