စဉ့်ကူး ၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ငါးသယံဇာတတိုးပွားရေး၊ ငါးထုတ် လုပ်မှု ပိုမိုးတိုးတက်မြင့်မားရေး ရည်ရွယ်၍ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မာလဲ-နတ်တောင် ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအေးသိန်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မာလဲ-နတ်တောင် ဆည်တာဝန်ခံ ဦးချစ်ထွန်းမြိုင်၊ ရေနံသာ ငါးသားဖောက်စခန်း တာဝန်ခံ ဦးအေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ငါးမြစ်ချင်း(ငါးသန်) ငါးသားဖာက်ကောင် ရေ (၂)သိန်း၊ ငါးခုံမ(ငါးသန်) ငါးသားဖောက် ကောင်ရေ (၁)သိန်း၊ စုစုပေါင်းငါးသားဖောက် ကောင်ရေ(၃)သိန်းကို မာလဲ-နတ်တောင်ဆည်အတွင်းသို စုပေါင်းစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(စဉ့်ကူး)


