မာန်အောင် ၂၈ နိုဝင်ဘာ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သိမ္ဘလကျေးရွာအုပ်စု၊ သိမ္ဘလကျေးရွာရှိ ပင်လယ်ကမ်းခြေအားသန့်ရှင်း သာယာလှပရေးအတွက် အမှိုက်ကောက် Campaign ဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာအသင်းဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က သိမ္ဘလကျေးရွာအုပ်စု ကုန်းတန်းကျေးရွာရှိ လမ်းဆုံတွင် လမ်းသွားလမ်းလာသူများအား Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး သိမ္ဘလကျေးရွာ ပင်လယ်ကမ်းခြေတွင် အမှိုက်ကောက်ခြင်း၊ အမှိုက်ပုံးများထားပေးခြင်း၊ အမှိုက်စွန့်ပစ်ရာ နေရာသတ်မှတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းပင်လယ်ကမ်းခြေသည် အားလပ်ရက်များတွင် ပြည်သူများ ရေကူးခြင်း၊ သဲသောင်ပြင် ဘောလုံးကစားခြင်း၊ ဒီဇင်ဘာလ လူထုလမ်းလျှောက် အားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း စသည့်ပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)


