ရန်ကုန် ၁၀ ဇူလိုင်
မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ စောင့်ကြပ်ကြည့်ရှု ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် GMS Health Security Project ၏ 2nd Year Annual Operation Plan အရ ကျင်းပခြင်းဖြစ်ပြီး ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအား စောင့်ကြပ်ကြည့်ရှု ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ အဓိကအခက်အခဲများ၊ လက်ရှိဆောင်ရွက်နိုင်သည့် စွမ်းအားအရင်းအမြစ်များကို ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများ သတ်မှတ်နိုင်ရန်နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရေရှည်တည်တံ ခိုင်မြဲပြီး ညီညွှတ်မျှတသော လုပ်ငန်းစဉ်ပြုစုရေးဆွဲနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးတင်ပြခြင်း၊ Surveillance of Hospital – Acquired Infections အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရေးဆွဲပြုစုခြင်းတို့ကို ဆောင်ရွက်ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ JICA ၊ Sing Health အဖွဲ့ အစည်းများမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းပြောကြားကာ သီရိလင်္ကာနိုင်ငံမှာ ကျွမ်းကျင်သူအပါအဝင် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက Surveillance of Hospital – Acquired Infections အတွက် အခြေခံအချက်အလက်များကို တင်ပြကြသည်။
သတင်းစဉ်


