မအူပင် ၂ ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် လူဦးရေစာရင်း မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် လူဦးရေစာရင်း ကောက်ယူရေး တာဝန်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


တာဝန်ပေးအပ်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ပြီး လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအတွက် တာဝန်ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဥက္ကဋ္ဌ၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့ဝင်အဖြစ် ပါဝင်ကြပြီး စာရေးဝန်ထမ်း(ထွေ/အုပ်)သည် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန် ပေးအပ်ကြောင်း သိရသည်။


အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)