မအူပင် ဇွန် ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ထည့်သွင်းပွဲကို မအူပင်မြို့နယ်၊ အလန်းကျေးရွာရှိ တောင်သူ ဦးထွန်းထွန်းဝင်းပါ ၁၅ ဦး၊ ကွင်း ၉၆၁၊ ဦးပိုင် ၃၂/၁ ရှိ လယ်မြေ ၃၈ ဒသမ ၅ ဧကပေါ်၌ ဇွန် ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်ဆန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများ၊ အလန်း၊ ဝါးတောကျေးရွာရှိ တောင်သူများ တက်ရောက်ကြသည်။

 

ခရိုင်(ပြန်/ဆက်)