မအူပင်  ၈   ဇူလိုင်   

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စုနှင့် နတ်စဉ်ကျေးရွာအုပ်စုများ၌  ဇူလိုင် ၇ ရက် ၊ ညနေ ၄ နာရီခွဲတွင်  လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ပြန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါလေတိုက်ခတ်မှုကြောင့်  စစ်ချောင်းကျေးရွာအုပ်စု၊ မကျီးကုန်းပိုင်းမှ လူနေအိမ်(၂)လုံး ပြိုပျက်၍ လူနေအိမ်အလုံး ၃၀ အမိုးများ လန်ပြန်ပျက်စီးခြင်း၊ နတ်စဉ်ကျေးရွာအုပ်စု၊ စက်ကလေးပိုင်းနှင့်  အေးငြိမ်းသာယာရပ်ကွက်များမှ  လူနေအိမ်(၃၇)လုံး  ပြိုပျက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 

ဖြိုးမောင်ဇော် (မအူပင်)