မဘိမ်း  ၁၅    စက်တင်ဘာ                     

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ် ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ်ဖြင့် စိစစ်ချထားခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မဘိမ်းမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုနှင့် ဦးမင်းမင်းသိန်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ ကြပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က မြို့နယ်တွင်းရှိ သားသတ်လုပ်ငန်းများနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရောင်းချသွားကြရန် ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းစိန်နှင့် မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်တို့က အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက် တမ်းတိုး/စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့်လက် မှတ်ဖြင့် စိစစ်ချထားခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် မြို့နယ်အတွင်းရှိ သားသတ်လုပ်ငန်းလုပ်ကိုင်သူများအား တာဝန်ရှိသူများက အ သားထုတ်လုပ်ရောင်းချခွင့်လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ်ရောင်းချခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)