မဘိမ်း    ဇူလိုင်     ၂၁                  

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီမှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

           

ထိုသို့ထုတ်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း ပင်စင်စား ၂၉၄ ဦးရှိပြီး ပင်စင်စားများအား အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

                  

 

မျိုးမင်း (ပြန်/ဆက်)