မဘိမ်း ၂၁ စက်တင်ဘာ

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေကျောင်းကုန်းကွင်းပြင်အတွင်း ဧရာဝတီမြစ်ရေလျှံ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးမှု ဧကများအတွက် တောင်သူများအား မျိုးစပါးများ အခမဲ့ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မိုးမိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ဧရာဝတီမြစ်ရေလျှံ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးမှုဧကများအတွက် တောင်သူများအား မျိုးစပါးများ အခမဲ့ဖြန့်ဖြူးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ရွှေကျောင်းကုန်းကွင်းပြင်အတွင်း ဧရာဝတီမြစ်ရေလျှံ၍ ရေကြီးနစ်မြုပ်မှုကြောင့် တောင်သူ(၁၁၂)ဦး၏ မိုးစပါးစိုက်ဧက ၄၇၅ ဒသမ ၃၀ ဧက ပျက်စီးခဲ့ပြီး ပျက်စီးသွားသော မိုးစပါးစိုက်ဧကများအတွက် တစ်ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် မျိုးစပါး (၇၁၃)တင်းအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တာဝန်ရှိသူများက သီးနှံများ ထိခိုက်ပျက်စီးခဲ့သော တောင်သူများထံ အခမဲ့ဖြန့်ဖြူပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)

 

mdn