မဘိမ်း    ၁၃   စက်တင်ဘာ                  

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မဘိမ်းမြို့မဈေးအတွင်းရှိဈေးဆိုင်များနှင့် မြို့မရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် Ajinomoto(အာဂျီနိုမိုတို) ဟင်းခတ်အချိုမှုန့်များ နှင့် Mistine အလှကုန် ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိတို့ကို ယနေ့ နံနက် ၇ နာရီခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

 

mdn

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာကြည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မဘိမ်းမြို့မဈေး အတွင်းရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့် မြို့မရပ်ကွက်အတွင်း ရောင်းချလျက်ရှိသော ဈေး ဆိုင်များတွင် Ajinomoto(အာဂျီနိုမိုတို) ဟင်းခတ်အချိုမှုန့်များနှင့် Mistine အလှကုန်ပစ္စည်းများ အား ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ထုတ်ပြန်ထားသည့်အချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ရေးနှင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်ပစ္စည်းများ ဈေးကွက် အတွင်းရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)