မဘိမ်း ၂၅ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အခြားမြို့နယ်များမှ ပြန်လည်ရောက်ရှိလာသည့် စောင့်ကြည့်ရမည့် သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရန်အတွက် Quarantine Centre များကို မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တိုးချဲ့အခန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Quarantine Centre တိုးချဲ့ပြင်ဆင်ထားရှိခြင်းဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ အခြားမြို့နယ်များမှ မြို့အတွင်း ပြန်လည်ရောက်ရှိလာသည့် စောင့်ကြည့်ရမည့် သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရန်အတွက် မဘိမ်းမြို့အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်း ၂ ခန်းအား တိုးချဲ့ ပြင်ဆင်ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စာသင်ခန်းများအတွင်း နေရာထိုင်ခင်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးများ သွယ်တန်းခြင်း၊ သောက်သုံးရေရရှိရေးနှင့် ရေချိုးမည့်နေရာများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)


