မဘိမ်း   ၁၄  စက်တင်ဘာ            

           

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ(၄၄)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

မဘိမ်းမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့တွင် မဲရုံပေါင်း(၄၄) ရုံ လျာထားပြီး မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေးအတွက် အထူးရဲ(၄၄)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးရာတွင် နှောင့်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှုမရှိစေရန်နှင့် မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)