နေပြည်တော် မတ် ၆

 

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) နှင့်ပတ်သက်၍ Social Media ဖြစ်သည့် Facebook Page များ ဖွင့်လှစ်စာရင်းကောက်ယူ၍ ထောက်ပံ့ကြေးများပေးအပ်မှု လုံးဝမရှိပါကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာထား ကြောင်း သိရှိရပြီး စုံစမ်းမေးမြန်းလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Viber No. 09-889900077 နှင့် Hot Line No.1566 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။

MDN