ပခုက္ကူ ၇  နိုဝင်ဘာ 

 

ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား (၃၃)ယူနစ် အဆောင်ရွက်ရှိရာ ယခုကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်း အရင်းအပျောက် မတည်လည်ပတ် ရန်ပုံငွေကို နိုဝင်ဘာ ၆ ရက်က ရွှေဒါးအုပ်စု၊ ရွှေဒါးကျေးရွာ ဘုန်းကြီးကျောင်းတွင် ထုတ်ချေးပေးခဲ့သည်။

 

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေ (၃၀၀)သိန်းဖြင့် စတင်အကောင်အထည်ဖော်ရွက်ခဲ့ရာ စီမံကိန်းလည်ပတ်ရန်ပုံငွေ အတိုး/အရင်း စုစုပေါင်း သိန်း (၄၅၀) တိုးပွားလျက်ရှိပြီး စတုတ္ထအကြိမ်အဖြစ် အသင်းသား (၁၀၆)ဦးအတွက် (၃၉၅)သိန်း အသင်းသူ/ အသင်းသား များထံထုတ်ချေးပေးသည်။ ရန်ပုံငွေထုတ်ချေးမှုအား ကိုဗစ်-19 ကာကွယ်ထိန်းချုပ်မှု အစီအစဉ်များဖြင့် စနစ်တကျထုတ်ချေးခဲ့ပြီး ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေး ဦးစီး ဌာနမှ ဝန်ထမ်းများ  လိုက်ပါကြီးကြပ်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ခိုင်စံဝေ(DRD)