ဒေးဒရဲ ၉ ဇွန်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သက္ကယ်ချောင်ကျေးရွာအုပ်စု၊ သဗြုချောင်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေး ကျေးရွာများအား (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်အတွက် နွားအကောင်ရေ(၃၀)အား ကျေးလက်နေ တောင်သူ(၃၀) ထံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး စနေမျိုးအောင်က တောင်သူများအား နွားမွေးမြူရန် ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် အကျိုးခံစားခွင့်များအား ရှင်းလင်းပြောကြား၍ နွားကောင်ရေ(၃၀) အား တောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများ၊ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)