နေပြည်တော် ၂၂ အောက်တိုဘာ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုနိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်၌ မုနိုင်းကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းကာလ (၆) နှစ်ပြည့်၍ အတိုးရငွေကျပ်သိန်း (၂၅၀)ကျော်ရှိသောကြောင့် အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သိန်း (၁၂၇)နှင့် ကျေးရွာထည့်ဝင်ငွေကျပ် ၈ သိန်းကျော်ဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ယင်းလုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက မုနိုင်းကျေးရွာရှိ အိမ်ခြေ (၁၈၁)အိမ်၊ လူဉီးရေ (၁၁၉၈) ဦးနှင့် ဆက်စပ်ကျေးရွာများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


