မြစ်ကြီးနား၊  ဧပြီ ၂ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာရှိ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲကို မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမ၌ ဧပြီ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် စာရေးဆရာ အကြီးကိုကို (ကသာ) က စုစုပေါင်းတန်ဖိုးငွေကျပ် ငါးသိန်းတန်ဖိုးရှိ သုတရသစာအုပ် စာစောင်အသစ်များ လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြစ်ကြီးနားခရိုင် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)

mdn