မြစ်ကြီးနား အောက်တိုဘာ ၁
၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်း ပညာအားမာန်ခန်းမ၌ ပြုလုပ်ရာ အခမ်းအနားတွင် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်းက (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်အပေါ် ဆောင်ရွက်ချက်များနှင့် ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု အားပေးသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်း၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသွင်နှင့် တာဝန်ရှိသူများက မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လုပ်ငန်းတာဝန်များ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ ၂၀၂၃ ခုနှစ် လေ့ကျင့်ရေးနှစ်အတွင်း ဖွင့်လှစ်ခဲ့သော သင်တန်းအသီးသီးတွင် လေ့ကျင့်ရေးထူးချွန်ဆုရ တပ်ဖွဲ့ဝင်များ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်စွာ ကြိုးစားခဲ့ကြသည့် တပ်ဖွဲ့ဝင်များနှင့် ဆုရမိသားစုဝင်များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အငြိမ်းစား ရဲအမှုထမ်းဟောင်းများကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)