မြစ်ကြီးနား ၁၄  မေ 

 

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ ကြီးမှူး၍ ဒုတိယအကြိမ်အဖြစ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးဝင်းအတွင်း၌ ဖွင့်ပွဲကျင်းပခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၄၉၅ တွဲဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း  သိရသည်။ 

 

dds

 

အဆိုပါ ကျောက်စိမ်းအရောင်းပြခန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန်သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း နာယက ဒူဝါခက်ထိန်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

dfdf

 

ကျောက်စိမ်းအရောင်းပြပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်းက “ပြည်နယ်အတွင်း ကျောက်စိမ်းအချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူငယ်များ မိမိနေရာဒေသမှာပင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ပြည်ပသို့ တရားမဝင်ကျောက်စိမ်းရောင်းဝယ်မှုများ ပပျောက်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်ဘဏ္ဍာ ငွေရရှိရေးနှင့် ကျောက်စိမ်းဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အရောင်းပြပွဲနဲ့အတူ ဆက်စပ်လုပ်ငန်းများမှ တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

 

မြစ်ကြီးနားမြို့ ကျောက်စိမ်းအရောင်းပြပွဲကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မတ်လအတွင်းက ကျောက်စိမ်းတွဲပေါင်း ၃၃၈ တွဲဖြင့် ကျင်းပခဲ့ပြီး ၁၉၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကျောက်စိမ်းတွဲပေါင်း ၄၉၅ တွဲဖြင့် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ကာ ကြမ်းခင်းဈေး ၁၀ သိန်း သတ်မှတ်ထားကြောင်းနှင့် မေ ၁၆ ရက်မှ ၁၈ ရက်အထိ အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ရောင်းချပေးသွားဖြစ်သည်။ 

 

dfw

 

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ကချင်ပြည်နယ်အနေဖြင့် အရောင်းပြပွဲများကို တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပပြုလုပ်နိုင်ရေး လိုလားလျက်ရှိသည့်အပြင် မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေဖြင့် ရောင်းချနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်စိုး(ပြည်နယ် ပြန်/ဆက်)