မြစ်ကြီးနား ၂၉ ဇွန်
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စတုတ္ထအကြိမ်မြောက် ဓါတ်သတ္တုလက်လုပ်လက်စား ထုတ်လုပ်ရန် ခွင့်ပြုမိန့်ပေးအပ်ပွဲကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံးခွဲရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် လုပ်ကွက်စီစစ်ချထားပေးရေးအဖွဲ့ဥက္ကဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သတ္တုတွင်းဦးစီးဌာန ရုံးခွဲမှ ညွန်ကြားရေးမှူး ဦးစောယုက " ကချင်ပြည်နယ်အတွင်း ဓါတ်သတ္တုတူးဖေါ်ရေး လက်လုပ်လက်စားလုပ်ကွက်များအား ပြည်ထောင်စုအစိုးရအဖွဲ့၏လမ်းညွန်ချက်၊ ဥပဒေ၊နည်းဥပဒေများအရ စီစစ်ခွင့်ပြုပေးခဲ့ရာ ယနေ့ခွင့်ပြုပေးအပ်ပွဲမှာ စတုတ္ထအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပြီး စုစုပေါင်ပေးအပ်နိုင်မှုမှာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်အတွင်း ကုမ္ပဏီ(၂၈)ခုသို့ အသေးစားလုပ်ကွက်(၈၉)ကွက် လုပ်ငန်းရှင်(၂၉)ဦးသို့ လက်လုပ်လက်စား(၂၉)ကွက် စုစုပေါင်းလုပ်ကွက် (၁၁၈)ကွက်အား လုပ်ပိုင်ခွင့် ချထားပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ လျှောက်ထားသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုမိန့်များ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း " ရှင်းလင်းပြေားကြားပြီး ကချင်ပြည်နယ် လုပ်ကွက်စီစစ်ချထားပေးရေးအဖွဲ့မှ တာဝန်ရှိသူများက လက်လုပ်လက်စားကွက် လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ ဝန်ကြီးကလက်လုပ်လက်စားကွက် လုပ်ပိုင်ခွင့်ရကုမ္ပဏီနှင့် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်လက်မှတ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။
စတုတ္ထအကြိမ်မြောက် ဓါတ်သတ္တုလက်လုပ်လက်စား လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို မံစီမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့မှ ရွှေလုပ်ကွက် (၁၆)ကွက်နှင့် သလင်းကျောက်လုပ်ကွက်(၁)ကွက် စုစုပေါင်း လုပ်ကွက်(၁၇)ကွက်အား ခွင့်ပြုလက်မှတ်များ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


