တွံတေး  ၉   မေ  

 

နှစ်စဉ်မိုးဦးကျကာလတွင် တွံတေးတူးမြောင်းဘေးနှင့်မြစ်ကမ်းဘေးရှိကျေးရွာများ ကမ်းပြိုမှု အန္တရာယ်ကျရောက်နေသည့်အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော အလယ်ချောင်းကျေးရွာ ကမ်းထိန်းနံရံဆောင်ရွက်နေမှုကို ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးနှင့်အတူ၊ လမ်းဦးစီးဌာန၊ ရေအရင်းမြစ်ဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ခံအရာရှိများ လိုက်ပါ၍ လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကမ်းထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကို ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ်သိန်း(၄၀) ခွဲဝေချထားပေးပြီး ကျေးရွာမှကျပ်သိန်း(၂၀)ထည့်ဝင်ဆောင်ရွက်လျှက်ရှိပြီး ယခုအခါ လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN