စလင်း ၁၃ ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မြစ်ကမ်းပါးပြိုကျမည်ကိုစိုးရိမ်၍ ကြိုတင်ပြောင်းရွှေ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားကို စလင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကယ်ဆည်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို အရှေ့ရှားတောအုပ်စု၊ မှရိုးကုန်းကျေးရွာနှင့် မဲရွာကုန်းကျေးရွာတို့မှ အိမ်ခြေ(၃၀)အိမ်၊ လူဦးရေ(၁၃၀)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၁)အိမ်လျှင် ကျပ် (၁၀ဝ၀ဝ၀)၊ ဆန်ရိက္ခာဖိုး လူ(၁)ဦးလျှင် (၇)ရက်စာ (၂၁၀ဝ)နှင့် အိမ်သုံးပစ္စည်းထောက်ပံ့မှု (၁)အိမ်လျှင် ပစ္စည်း(၉)မျိုးတို့ကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုဝင်များက လက်ခံရ ယူခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

6