ဇွန် ၁၆
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၆.၆.၂၀၂၂) ရက်နေ့တွင် မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည်ရွှေကူမြို့ တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၃)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ