မြစ်သား ၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် သာလွန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ၂၀၁၈-၂၀၁၉တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ညောင်ပင်သာကျေးရွာ ဓမ္မာရုံတွင် အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီက ကျင်းပသည်။
အဆိုပါ မီးလင်းရေးပွဲကျင်းပရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်နှင့် မြစ်သားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသွယ် တို့ကအဖွင့်အမှာစကားပြောကြားပြီး ကူမဲမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မိုးက လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဒုတိယဦးစီးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်တီတို့က မီးခလုတ်နှိပ်၍ မီးစတင် လွှတ်ပေးခဲ့သည်။
၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးကို ဆောင်ရွက်ခဲ့ရာ ညောင်ပင်သာကျေးရွာတွင် ၁၇/ဝ.၄ ကေဗွီ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ (၁)လုံး၊ ၁၁ ကေဗွီဓာတ်အား လိုင်း(ဝ.၄)မိုင်နှင့် ကျေးရွာမီးလင်းရေးကော်မတီမှ ၄၀ဝဗို့အား လိုင်း(ဝ.ဝ၃)မိုင်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)


